မောင်

" ​မောင်​ " ဒါဟာ ​မေ့ဘဝအတွက်​ ​နောက်​ဆုံး တရားဝင်​ ​ခေါ်နိုင်​မယ့်​အချိန်​ ....

ခု ဒီအခန်းထဲက ထွက်​လိုက်​တာနဲ့ ​မောင်​ဟာ တစ်​ပါးသူ ပိုင်​ဆိုင်​တဲ့ ပန်း​လေးတစ်​ပွင့်​ ......

မေ တယုတယ ​ခေါ်ခဲ့တဲ့ ​မောင်​ဆိုတဲ့ စကားသံ​လေးကို တစ်​ပါးသူ​ခေါ်ဖို့ ခွင့်​မပြု​ပေးခဲ့တာပဲ ​မေ့ဘဝအတွက်​ ကြီးမားတဲ့ဆုလဒ်​တစ်​ခုဖြစ်​ခဲ့ရတာ ......

ကျေးဇူးတင်​တယ်​ ​မောင်​ ​မေ့ကို ချစ်​ခွင့်​​ပေးခဲ့လို့ .....

နောက်​ဆို အနီ​ရောင်​ shirt ​လေး​တွေ ​တွေ့တိုင်း မျက်​​စောင်း ထိုးတတ်​တဲ့ အကျင့်​ကို ပြင်​ရ​တော့မှာ​ပေါ့ ​မောင်​ ......

အသားဖြူတဲ့ ​မောင်​ဟာ ဘာဝတ်​ဝတ်​ ကြည့်​​ကောင်း​နေ​ပေမယ့်​လို့ အနီဝတ်​တိုင်း အများနဲ့မတူ ပိုကြည့်​​ကောင်း​နေလို့ မနာလိုပြီး မဝတ်​ဖို့ ထားမြစ်​ခဲ့တဲ့ ​မေဟာ​တော့ အတိတ်​က စာမျက်​နှာတစ်​ခု .......

မေ လို့ နူးနူးညံ့ညံ့​ခေါ်လိုက်​တိုင်း ရှက်​ပြီး ပြုံးရမယ့်​အစား မ​နေတတ်​စွာ ဘာလဲ လို့ ​မေးမိခြင်း​တွေက ​မောင့်​ကို စိတ်​ပျက်​​စေသလား ........

မောင်​နှစ်​ခြိုက်​တဲ့ ​ရေ​မွှေး​လေးဟာ ​မေအနံမခံနိုင်​တဲ့အရာ ဖြစ်​​စေမှုကပဲ ​မေတို့နှစ်​​ယောက်​ရဲ့ လွဲမှားခြင်းကို ​ထောက်​ပြခဲ့သလား​မောင်​ .......

နူးညံပြီး ချစ်​သူအ​ပေါ် အစွမ်းကုန်​ ယုယပြချင်​တဲ့ ​မောင်​နဲ့ ရှက်​အားကြီးစွာ ကြင်​ကြင်​ နာနာ အချိန်​​တွေတိုင်း ​ရှောင်ဖ​ယ်​တတ်​တဲ့ ​မေဟာ စ​တွေ့ကတည်းက လွဲမှားခဲ့​လေသလား ..........

မိန်းက​လေးဆန်​ဆန်​ သိမ်​​မွေ့နူးညံတဲ့ ပုံစံ​လေးအစား အရက်​မူးကာ ph ဆက်​ ရစ်​မိချိန်​နဲ့ တိုးချင်းက ​မောင့်​​မေ​မေ အ​ပေါ် အမြင်​​စောင်း​စေခဲ့သလား .......

မောင့်​​မေ​မေနဲ့ ​တွေ့ချိန်​ ​မေ​မေရယ်​လို့ မချွဲ တတ်​ပဲ ​မေးထူး​ခေါ်​ပြောသာ ရှိခဲ့တဲ့ ခပ်​ထန်​ထန်​ မိန်း​က​လေးကို ​မောင့်​​မေ​မေ မျက်​မုန်းကျိုးခဲ့သလား .......

မောင့်​​မေ​မေက​တော့ သိပ်​သ​ဘောမတူချင်​ဘူး ​မေရယ်​လို့ ​ပြောချိန်​မှာ သူများတကာ​တွေလို သ​ဘောတူ​အောင်​ ကြိုးစားဖို့ထက်​ နှစ်​ဖက်​မိဘ သ​ဘောမတူပဲ​တော့ မျက်​နှာငယ်​ငယ်​ လက်​မတွဲ နိုင်​ဘူး​နော်​ ဆိုတဲ့ ဆိုး​ပေ​ပေ ​ကောင်​မ​လေးကို ​မောင်​ လက်​တွဲဖို့ မဝံရဲခဲ့​လေသလားကွယ်​ .........

မောင်​​ရေ ​မေဟာ မာနကို ကိုးကွယ်​ပြီး စိတ်​ဓာတ်​မာတဲ့ လူတစ်​​ယောက်​ ဖြစ်​ချင်​ခဲ့တာမို့ ​မောင်​လက်က​မ်းဖို့ မလှမ်း​တော့တာ များလားဟင်​ .........

အချစ်​ဆိုတာ ချစ်​​နေဖို့ပဲ လိုတယ်​လို့ ​တွေးထားတဲ့ ​မေ့အ​ပေါ် ​မောင်​ဘယ်​အချိန်​က စ စိတ်ပျက်​ခဲ့ပါသလဲ .......

မေ့ကို အ​ပေါင်းအသင်း​ယောကျာ်း​လေး ​တွေနဲ့ သဝန်​တိုတဲ့ ​မောင့်​ကို ဘယ်​မိန်းမနဲ့မှ ( ယခု ​မောင့်​လက်​ကို ဆွဲ အနီ​ရာင် ​ကော်​​​ဇောထက် ယှဉ်​​လျှောက်မယ့် မိန်​က​လေးမှလွဲ ) ​​​​သဝန်​မတိုခဲ့တာ မချစ်​လို့ မဟုတ်​ပဲ ချုပ်​ချယ်​တယ်​ ထင်​သွားမှာ စိုးလို့ ဆိုတာကို​တော့ ​မေ မရှင်းဖြစ်​​တော့ပါဘူး ​မောင်​ရယ်​ ......

တကယ်​​တော့ ​မောင်​ရယ်​ ​မေ့ကို ​မောင်​မြင်​​အောင်​မကြည့်​ခဲ့​လေခြင်းလို့ ထင်​လိုက်​ချင်​တယ်​ ........

မောင့်​ကို .... နဲ့ပဲ သ​ဘောတူနိုင်​တယ်​​နော်​လို့ ​မေအပါအဝင်​ သူငယ်​ချင်း​တွေ​ရှေ့မှာ ​မောင့်​​မေ​မေ ​ပြောချလိုက်​ကတည်းက ​မေ့မာနကို ​မေအလံထူပြီးသားပါ​မောင်​ ........

မေဟာ ​ယောကျာ်းတစ်​​ယောက်​ကို ဘယ်​​တော့မှ မိန်းမတစ်​​ယောက်​နဲ့ ပြိုင်​လုမယ့်​သူမျိုး မဟုတ်​တာ သိရက်​နဲ့ မောင်​ ဘာ​ကြောင့်​ ပြတ်​သားစွာ မဆုံးဖြတ်​ခဲ့သလဲ ........

မေဟာ ​မောင့်​​မေ​မေကို အရွဲ့တိုက်​ဖို့ ​မောင့်​ကို မရရ​အောင်​ယူမယ့်​ ရုပ်​ရှင်​​တွေထဲက ​မင်းသမီး​တွေရဲ့ ​ပေါ​ပေါပဲပဲ စိတ်​ဓာတ်​မျိုးလဲ မရှိတာ ​မောင်​အနားလည်​ဆုံးဖြစ်​မှာပါ .......

မေ့ဘဝမှာ နှလုံးသားနဲ့​ရွေးဖူးတဲ့ ပထမဆုံးကြိုး​လေးကို ဦး​နှောက်​နဲ့ ​နောက်​ဆုံးဖြတ်​လိုက်​ရချိန်​ ​မေ့ဘက်​ ဘယ်​သူမှ ရှိမ​နေခဲ့တာ အမှန်​ပါ​မောင်​ .........

လမ်းခွဲစကား​ပြောချိန်​က ​မောင်​​ပြောသလို အရာရာ ရင်​ဆိုင်​ဖို့ သတ္တိဆိုတာ ​မေ့မိဘ​တွေရဲ့ ​မေ့အ​ပေါ် ​မျှော်​လင့်​ချက်​​တွေ နဲ့ ယှဉ်​လိုက်​တဲ့အခါ ​ပျောက်​ပျက်​ကုန်​ပါ​လေ​ရောလား ........

မေမှ ​လမ်းမခွဲရင်​ ​မေ့ဆီရိုက်​ခတ်​လာမယ့်​ ​မောင့်​ ​မေ​မေရဲ့ မျက်​လုံးစိမ်း​တွေ ​မေလက်​မခံနိုင်​ဘူး ​မောင်​ .......

မေ့မာနကို ရိုက်​ခတ်​တဲ့ ​မောင့်​​မေ​မေရဲ့ စကားလုံးစိမ်း​တွေကို ​မေ့ဆီ ရယ်​ရွယ်​ချက်​ အမျိုးမျိုး​ကြောင့်​ သယ်​​ဆောင်​လာတဲ့ သူအချို့ဟာလည်း ​မေတို့ နှစ်​​ယောက်​ရဲ့ အကျိုးကို တကယ်​လိုလားခဲ့တာမှ မဟုတ်​တာ ........

စတင်​လမ်းခွဲသူက ​မေဖြစ်​​ကြောင်း ​မောင်​သူငယ်​ချင်း​တွေနဲ့ ​တွေ့တိုင်း လိပ်​ပြာလုံစွာ ​ပြောနိုင်​ပါ​စေ​မောင်​ .........

မောင်​ကမ်းတဲ့ ဖိတ်​စာ လှလှ​လေးကိုကြည့်​ပြီး congratulations ​နော်​လို့ ​ပြောခဲ့တဲ့ ​နောက်​ကွယ်​ ဖိတ်​စာကို ဆုတ်​ဖြဲလို့ ငိုပွဲ ဆင်​ခဲ့ရတာလည်း ​မောင်​မသိနိုင်​​လောက်​​တော့ပါဘူး​လေ ........

မေဟာ သိပ်​ပျက်​သားတာပဲလို ​မောင်​​ပြောတဲ့အချိန်​ ဒါ​ပေါ့​မောင်​ရယ်​လို့ ပြုံးပြုံး​လေး ​ပြောခဲ့တဲ့ မိန်းက​လေးတစ်​​ယောက်​ ​မောင်​ပြန်​သွားချိန်​ ချုံးပွဲချငိုခဲ့တယ်​ဆိုတာ ​မောင့်​ကိုမ​ပြောဖို့ ​မေ့သူငယ်​ချင်း​တွေကို ပိတ်​ထားတယ်​​မောင်​ .......

မောင့်​အတွက်​ လူပျိုည လုပ်​ချိန်​ ​မေ့ကို ကြည့်​ရင်း ငိုင်​​နေတဲ့ မျက်​လုံး​တွေကို ခပ်​စိမ်းစိမ်း ပြန်​ကြည့်​ခဲ့တဲ့ မိန်းက​လေးဟာ မိတ်​ကပ်​ဆရာ​ရှေ့ထိုင်​​နေတဲ့ ​မောင့်​ကို ကြည့်​ရင်း ငိုမိမှာစိုးလို့ တစ်​ဖက်​လှည့်​​နေရတယ်​​မောင်​ ........

အို ဘယ်​​လောက်​လှလိုက်​တဲ့ မြင်​ကွင်း​လေးလဲ ​မေ့ရဲ့​မောင်​ဟာ နံသာ​ရောင်​ ဝမ်းဆက်​ က​လေးနဲ့ ရှင်းသန့်​လို့ .......

မောင့်​မေ​မေဟာလည်း တစ်​​လောကလုံးကို အပိုင်​ရလိုက်​သလို ပြုံးရွှင်​​နေတာပဲ.......

အလို ​​မေ သိပ်​သ​ဘောကျတဲ့ ​မောင့်​ အပြုံးချိုချို​လေး​တွေ ​မောင့်​မျက်​နှာထက်​မှာ ရှိ​နေပါလား ဒါ​ပေါ့​လေ​ ​မောင်​​ပျော်​​နေသင့်​တာ​ပေါ့​မောင်​ ......

မေသ​ဘောမကျတဲ့ ​မောင့်​ရဲ့ မသွယ်​လှတဲ့ လက်​​က​လေးထက်​မှာ ဘာလက်​စွပ်​မှ ရှိမ​နေပါလား ​မေချွတ်​ထားလို့များ ​မောင်​ပါ စိတ်​​ကောက်ေ​လသလား​မောင်​ မဟုတ်​တန်​ရာ​လေ ​မောင်​ဟာ ခဏ​နေဝတ်​ဆင်​မယ့်​ လက်​စွပ်​အတွက်​ ​နေရာ​ပေးလိုက်​တာပါ ......

နောက်​ဆုံး​တော့လည်း ​မေဟာ ဖယ်​​ပေးလိုက်​ရတာပါပဲ​မောင်​ ဧည့်​ပရိတ်​သတ်ေ​တွနဲ့ ​ရောလို့ ထိုင်​​နေတဲ့​မေ့ကို ​မောင့်​​ဘေးက ​မောင်​နဲ့ ဆင်​တူ မြန်​မာဆန်​ဆန်​​လေး ဝတ်​ထားတဲ့​ကောင်​မ​လေးက ပြုံးပြသွားတယ်​​မောင်​ ​မေပြန်​ပြုံးပြဖို့ ​မေ့​နေခဲ့သလား​လေ ........

မောင်​တို့ လက်​ထပ်​ပွဲ​လေးမှာ မိုက်​ကြီးနဲ့ အစ်​ကိုကြီး ဘာ​တွေ ​ပြော​နေသလဲ ​မေမကြားရဘူး​မောင်​ရယ်​ ......

မောင်​ဟာ ​​ဘေးက မ​ဟေသီ့ လက်မှာ ယုယစွာ ဆင်​ယင်​​ပေးလို့ ​မောင့်​လက်​ကိုလည်း ထိုး​ပေး​လေတယ်​ ​အော်​ . . ​မောင်​လက်​သကြွယ်​​လေး ပိုင်​ရှင်​ရှိသွားပြီပဲ .....

မေဟာ ​မောင့်​ရဲ့​မေ မဟုတ်​​တော့သလို ​မောင်​ဟာလည်း ​မေ့ရဲ့​မောင်​ မဟုတ်​​တော့​လေဘူးပဲ​လေ ......

ယှဉ်​တွဲလျှက်​ ဆင်းလာတဲ့ ​မောင်​တို့ နှစ်​​ယောက်​ကို ကြည့်​ပြီး ​မေ​ခြောက်​ခြားလာတယ်​​မောင်​ အနား​ရောက်​ရင်​ ​မောင့်​ကို " ​မောင်​ " လို ​ခေါ်ခွင့်​ ​မေ့မှာ ဆုံးရှုံးသွားပြီပဲ ​မေဘယ်​လို ​ခေါ်ရမလဲ မ​လေ့ကျင့်​ရ​သေးဘူး​မောင်​ရယ်​ .......

ဟင့်​အင်း မဟုတ်​​သေးဘူး ​မောင့်​ကို ​မေ နှုတ်​ဆက်​ဖို့ မဖြစ်​နိုင်​ဘူး ​မေ့မှာ ​ဒီမျက်​ရည်​​တွေ သုတ်​လို့ ​မောင်​တို့နှစ်​​ယောက်​ကို နှုတ်​ဆက်​နိုင်​မယ့်​အား မရှိပါလား​မောင်​ရယ်​ .......

ပြေးထွက်​ပါရ​စေ ဒီခန်းမထဲ ​မေ့ကို တစ်​​ရေးတစ်​ယူ ရှိ​နေမယ့်​ သူမှ မရှိကြတာ​လေ ​မေမျက်​နှာ​ပြောင်​​ပြောင်​နဲ့ပဲ လှည့်​ထွက်​ပါရ​စေ ​မောင်​ ​နောက်​ဆုံးအကြိမ်​ပါ ​မောင့်​ကို ချစ်​တဲ့ မျက်​ဝန်းနဲ့ကြည့်​ပြီး ​မောင်​မ​ကြားနိုင်​မယ့်​ နာမ်းစား​လေး ​နောက်​ဆုံးအကြိမ်​အဖြစ်​​ခေါ်ပါရ​စေ " ​မောင်​ "............

ခန်းမထဲက ​ပြေးထွက်​ခဲ့တဲ့ မိန်​က​လေးတစ်​​ယောက်​ကို ခန်းမ​ထဲက ​ပျော်​ရွှင်​​နေတဲ့ လူသား​တွေ တစ်​​ယောက်​မှ သတိမပြုမိကြပါ​စေနဲ့​လေ ..........................

Bạn đang đọc truyện trên: truyentop.pro

Tags: