သခင့်​ အရိပ်​ ( for wuyifan birthday)

ရွှေဝါရောင် ကောင်းကင် မှ တံလျှပ်ရောင် တစ်လှပ်လှပ် တောက်ပနေသော နေရောက်အောက်ရှိ ကြေးနီရောင် မြေလမ်းတစ်လျှောက် တရွေ့ရွေ့ လှုပ်ရှားနေသော အရိပ်တစ်ခု လူတစ်ကာ ​ကြောက်​ရွံ့​သော ​နေအပူရှိန်​ဖြစ်​​ပေမယ့်​ ထိုသူက​တော့ ဂရုမမူပုံ ........ ခေါင်းငိုက်စိုက်ချလျှက်သာ တရွေ့ရွေ့ တအိအိ သွား​နေပုံဟာ ထိုအပူ​လောက်​ကို မမှုပုံ .......... သူ၏​နောက်​ပါးမှ အရိပ်​မည်းမည်း​လေး တစ်​ခုမှာလည်း သူ့ပိုင်​ရှင်​ပူသည့်​ အတိုင်း အပူဒဏ်​ခံရမြဲ သူ့သခင်​သွားသည့်​ အတိုင်း ထပ်​ကြပ်​မခွာလိုက်​ရမြဲပင်

ဘာ​တွေ​ကြောင့်​များ ဘာ​တွေများ ဒီ​လောက်​​တောင်​ ​သောက ​ရောက်​​နေပါသလဲအသင်​ ......... အသင်​ခန္ဓာ . အသင့်​စိတ်​ဝိဉာဉ်​ဟာ အဘယ်​​လောက်​များပူ​လောင်​​နေလို့ ဤကဲ့သို ​မဟူရာ ​နေမင်း၏ အပူဒဏ်​ကို စိန်​​ခေါ်ရသနည်း..............
အသင့်​အပါးတွင်​ မခစားနိုင်​​တော့​သော အသင့်​ တပည့်​တပန်း​များအား ​တွေးမိ​နေ​ရော့သလား ............ အသင့်​ အနား အား​ပေးကူည်ီမှု​တွေ မရှိနိုင်​​တော့သည့်​ သင့်​သူငယ်​ချင်း အ​ပေါင်းအသင်း​တွေကိုများ သတိဏ​နေ​ရော့သလား ........... အသင့်​အား​ ​နွေး​ထွေး​ဖေးမမှုများ မ​ပေးနိုင်​​တော့​သော အသင့်​ မိဘ ညီအကို​မောင်​ဘွားများအား လွမ်းဆွတ်​​ရော့သလား ........... အသင့်​အား အနားထား ဆိုးနွဲ့ ဂရုစိုက်​​ပေးနိုင်​ခြင်း မရှိ​တော့တဲ့ အသင်​၏ ချစ်​ရ​သောသူကို တမ်းတမိ​နေ​ရော့သလား ............

အသင် မ​တွေးထားမိ​ရော့သလား........... သို့တည်းမဟုတ်​ အသင်​မေ့​လျော့​နေ​ရော့သလား ............. အသင့်​အပါး အမြဲခစား​နေမယ့်​ အကျွန်ုပ်​ ရှိ​နေခြင်းအား အသင်​မမှု​တော့သည်​လား .......... အသင့်​အပါး​တော်​နား အမြဲခစား​နေတဲ့  အကျွန်ုပ်​ရယ်​ပါ​လေ ...........

အသင်​ မှတ်​မိပါရဲ့​လော အသင်​ အသင့်​အ​ပေါင်းအသင်း များနှင့်​ ​အောင်​မြင်​မှု ၊ ဝမ်းနည်းမှု ၊ ဝမ်းသာမှု ၊ ဆုံးရှုံးမှု အလုံးစုံ ကြုံ​တွေ့ခဲ့ ရ တုန်းကလည်း အကျွနု​ပ်​ အသင့်​နည်းတူ ခံစားကာ အသင့်အပါး ခစားခဲ့​​ပေသည်​ .............

အသင်​ အသင့်​အ​ပေါင်းအသင်းများနှင့်​​ဝေးကွာချိန်​ အသင်​ အထီးကျန်​​နေချိန်​မှာသည်​လည်း အကျွန်ုပ်​ အသင့်​ထပ်​တူ အထီးကျန်​ ခစားခဲ့​ပေသည်​ ..............

အသင်​ အသင့်​မိသားစု အသင့်​ အနား ခစားသူများနှင့်​ အသင်​အားတင်း​နေချိန်​တွင်​လည်း အကျွန်ုပ်​ အသင့်​အပါး မ​မေ့မ​လျော့ ခစားခဲ့​ပေသည်​ ...............

အသင်​အား ဝိုင်းဝန်းတိုက်​ခိုက်​ ​ဝေဖန်​ကဲ့ရဲ့ကြ ချိန်​မှာလည်း အကျွန်ုပ်​ အသင်​ကဲ့သို့ ခံစားဝမ်းနည်း အသင့်​အပါး ခစားခဲ့​ပေသည်​ ...........

အသင်​ ​အောင်​မြင်​ချိန်​ အသင့်​ဂုဏ်​အရှိန်​အဝါ ​တောက်​ပ​နေချိန်​တွင်​လည်း အကျွန်ုပ်​ အသင့်​အပါး ဝပ်​တွားလျှက်​ပါ​လေ ..............

အသင်​ သိခဲ့ရဲ့လား ....... ဟင့်​အင်း အသင်​ သိခဲ့ပါတယ်​​လေ ............. အကျွန်ုပ်​ ရဲ့ တည်​ရှိမှုကို အသင်​ သိထားပါတယ်​​လေ ............ အကျွန်ုပ်​ ကိုယ်​တိုင်​ကိုက အသင့်​အပါး မဝံမရဲ ခစား​နေရ သူပါရယ်​​လေ ...............

အသင့်​အနား အမြဲမပြတ်​ရှိ​နေခဲ့တဲ့ အကျွန်ုပ်​ရဲ့ ချစ်​ခြင်း​တွေကို အကျွန်ုပ်​မှာ ဖွင့်​ဟခွင့်​ရယ်​မှ မရှိခဲ့ရတာရယ်​​လေ ...............

တကယ်​တမ်းမှာ​တော့ အကျွန်ုပ်​ရဲ့ ချစ်​ခြင်းတရား​တွေကို အကျွနု​ပ်​ကိုယ်​တိုင်​ ခဝါချ ဖုံးကွယ်​ကာ အသင်းအပါး အရိပ်​မည်းအဖြစ်​သာ အသင့်​ခံစားချက်​ အသင်​​တွေ့ကြုံ​နေရသမျှကို အကျွန်ုပ်​ ထပ်​တူထပ်​မှ ခံစား​တွေ့ကြုံ​နေခြင်းရယ်​ပါ .............

အသင့်​ရဲ့ ချစ်​ခြင်း ဆိုတာကို လည်း ရမရ မ​သေချာ မ​ရေမရာ ( မရခြင်းမှာ ​သေချာ၏ ) ဘဝနှင့်​သာ ​ကျေနပ်​​ရောင့်​ရဲ​နေရသူရယ်​ပါ .............

အသင်​......... အို ကျွနု​ပ်​ချစ်​​သော အိုအသင်​လူသား ............ အသင်​အပါး အမြဲမပျက်​ ခစားဝပ်​တွား​နေ​သော အကျွနု​ပ်​ရှိသည့်​တိုင်​ အသင်​ ဘာ​တွေများ ခံစား​နေသ​လော ........... အသင်​ဘာ​တွေပဲ ဖြစ်​ဖြစ်​ ........... အသင်​ ဘာ​တွေပဲ ကြုံကြုံ အသင့်​အနား မပျတ်​ခစားမယ့်​ အသင့်​ရဲ့အရိပ်​ အကျွန်ုပ်​ရယ်​ပါ ........... အကယ်​၍ အသင်​သာ မရှိခဲ့ရင်​ အသင်​ရဲ့ အပါး အမြဲခစား​နေမယ့်​ အသင့်​အရိပ်​ အကျွန်ုပ်​ ကွယ်​​ပျောက်​သွားရမှာ ............. အို အသင်​လူသား အကျွန်ုပ်​ အသင့်​အပါးဝယ်​ ခစားခြင်းငှါ ​ကျေနပ်​ရပါသည်​ ထို့​ကြောင့်​ပင်​ အကျွနု​ပ်​အား ငဲ့ညှာ၍သာ ဖြစ်​ပါ​စေ အသင်​လူသား၏ ​အောင်​မြင်​ ဝမ်း​မြောက်​ ​ပျော်​ရွှင်​မှု​တွေကိုသာ အသင်​ ​ဆောင်​ကျဉ်းထားပါ ...........

အသင်​နဲ့ ထပ်​တူ ခံစား ​ဝမ်းသာ ဂုဏ်​ယူ ​ကြေကွဲ ဝမ်းနည်းရ​သော အသင့်​အပါး မထင်​မရှား အရိပ်​​လေး ဖြစ်​ အသင့်​အသက်​နဲ့ ခန္ဓာ တွဲ​နေသည့်​တိုင်​ ရှိနေ​ပေးရမည့်​သူ အကျွန်ုပ်​၏ ဖြစ်​တည်​မှုကို အသင်​သိနိုင်​ကာ ​ကျေနပ်​နိုင်​ပါ​စေ အသင်​လူသား.............

########***** THE END *****########

Fic လည်းမဟုတ်​ ဘာလည်းမဟုတ်​ ညာလည်းမဟုတ်​ ခ်​ခ်​ခ်​ လူကြီး ​မွေး​နေ့ အမှတ်​တရ​လေးပါ ခံစားရသမျှ​လေးကို မ​ကောင်းမကန်း စုစည်း တင်​ပြခြင်းပါ ...............

တွေးနိုင်​ ခံစားနိုင်​ကြပါသည်​ ............

Bạn đang đọc truyện trên: truyentop.pro

Tags: