2
[Zawgyi]
Matchmaking Alternative ( 1.2)
သူမက သူမရဲ့အတွေးကမ္ဘာထဲ နစ်မြုပ်နေချိန်မှာ သူမရဲ့သူဠေး ရှောင်ရီက သူမရဲ့အတွေးများကို ငြိမ်းသွားစေမယ့် စကားတခွန်းကို ထုတ်ပြောလာတယ် ။
ဒါက ၊ ဒီဟာက ၊ မဟုတ်ဖူး.....
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
[Unicode]
Company မှာ interview မစခင်အချိန်ထိ နိုနိုက ပြင်ဆင်မှုအပြည့်လုပ်ခဲ့တယ် ၊ အတွေ့အကြုံရှိတဲ့ သူမရဲ့အဖေက interviewမှာ " ကျွန်မ ရှင်တို့ရဲ့ company မှာ ၈နှစ် ဒါမှမဟုတ် ၁ဝနှစ်လောက်ထိ အလုပ်လုပ်ချင်ပါတယ် " ဆိုတဲ့ အချက်ကို မဖြစ်မနေထည့်ပြောဖို့ သတိပေးခဲ့တယ် ၊ ဘာလိုလည်းဆိုတော့ company ဒါမှမဟုတ် manager တွေက မတည်မငြိမ်တဲ့သူတွေ(အလုပ်တစ်ခုကို အတည်တကျမလုပ်ပဲ တစ်နေရာပြီး တစ်နေရာ ရွှေ့ပြောင်းလုပ်နေကြတဲ့သူတွေ) ကို အလုပ်ခန့်အပ်ဖို့ မစဉ်းစားကြဘူး။ သူမအဖေ ပြောခိုင်းတဲ့ အချက်က interview တဲ့အထက်လူကြီးတွေရဲ့ စိတ်ထဲမှာ ဒီတစ်ယောက်ကတော့ " အရမ်းတည်ငြိမ်တယ် သူမက ဘယ်တော့မှအလုပ်ထွက်မှာမဟုတ်ဖူး " လို့ ထင်ယောင်ထင်မှားမြင်သွားစေတယ်။ ဘလိုပဲနေနေ manager ကတော့ မင်းက အရမ်းတည်ငြိမ်တယ်လို့တွေးနေမှာပဲ ။
နိုနိုက သူမအဖေပေးတဲ့အကြံအတိုင်း လုပ်လိုက်တယ် ၊ ဒါက တကယ်ထိရောက်တာပဲ
Company ကပေးတဲ့ form မှာ အချက်အလက်တွေဖြည့်နေစဉ် " အိမ်ထောင်သည် " ဆိုတဲ့ အချက်ကို မဖြည့်မှီ ခနလောက် တုန့်ဆိုင်းသွားတယ်၊ ဒါက သူမအဖေပေးတဲ့ ဒုတိယမြောက်အကြံဖြစ်တယ် ။ company ကြီးတွေမှာက ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်တယ် ၊ ဒါကြောင့် မင်းက မင်းရဲ့ရာထူးကိုမြဲချင်တယ်ဆိုရင် အိမ်ထောင်သည်အမျိုးသမီးဆိုတဲ့ဂုဏ်ပုဒ် နဲ့ လုပ်ဖော်ကိုင်ဖက်တွေနှင့် အကြီးအကဲတွေကို သတိမပြုမိစေတော့ဘူး။ အပျိုလေးတွေနဲ့စာရင် အိမ်ထောင်ရှိတဲ့အမျိုးသမီးတွေက ပိုပြီးတော့တည်ငြိမ်ကြတယ် ။
နိုနို က သူမရဲ့ file ကို manager ထံပေးလိုက်ပြီးတဲ့နောက် အကြီးအကဲတွေထံကြည့်လိုက်တယ် ။ သို့ရာတွင် နိုနို သည် သူမရဲ့သူဠေး ရှောင်းရီ က အလွန်ညဏ်ကောင်းနေလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး ၊ သူက သူမတို့ရဲ့ file တွေကို ခနလောက်သာကြည့်ပြီး သူမတို့အားလုံးရဲ့ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းကြီးမှတ်မိသွားတာပဲ ။
နိုနို မသိမသာ လက်ဖက်ရည်ခွက်လေးကို ချလိုက်တယ် ၊ ဒီအချိန်လိမ်တာက အချေအနေကိုပိုဆိုးစေလိမ့်မယ် ၊ ဒါ့ကြောင့် သူမ အောက်နှုတ်ခမ်းကိုကိုက်ပြီး " လက်ထပ်ပြီးတဲ့ အမျိုးသမီးတစ်ယောက်သာဆိုရင် အကြီးအကဲတွေကို ကျွန်မက တည်ငြိမ်တယ်၊ ရင့်ကျက်ပြီး အရာရာစိတ်ချရမယ်လို့ ထင်သွားစေမယ်လေ " ၊ ရှောင်းရီ ရဲ့ ရှည်လျားတဲ့မျက်ခုံးတွေက အနည်းငယ်မြင့်သွားတယ် သူဒီအဖြေကို ကျေနပ်သွားတယ် ။ ငါမှတ်မိသေးတယ် မင်းရဲ့ ဇာတိရော၊ မင်းနေတဲ့ အခုလိပ်စာရော ၊ id card ရော အဲ့တာတွေအကုန်လုံး ကလည်း အမှန်တွေဖြည့်ထားတာမှ ဟုတ်ရဲ့လား?....
နိုနိုသည် အမှန်တကယ်ပင် ရှက်လာသည် ၊ ဒီအမှားလေး တစ်ခုက တစ်သက်စာနောင်တရဖို့လုံလောက်တယ် ။ သူမရဲ့ သူဠေးက သူမကို စတင် သံသယဝင်လာပြီ ၊ သူမက အမြန်ရှင်းပြလိုက်တယ် " ဘာလို့လည်းဆိုတော့ ကျွန်မအမေက တစ်စုံတစ်ယောက်က ကျွန်မရဲ့ နေရပ်လိပ်စာကနေ လိုက်လာပြီး ပြသနာရှာမှာကို အရမ်းကြောက်တယ်လေ ၊ ဒီလိုပြသနာရှာတာမျိုးတွေက အခုဆို မကြာခနဖြစ်ပျက်လေ့ရှိနေတယ် ဒါကြောင့်ပါ " နိုနိုက သူမဲ့ဖြေရှင်းချက်ကို နည်းနည်းလေးတော့ စိတ်ပျက်သွားတယ် ။
သူမသူဠေးရဲ့ အချက်အလက်တွေကလည်း မမှန်ပါ ၊ သူက သူ့ရဲ့ငွေတွေ၊ ချမ်းသာကြွယ်ဝမှုတွေကြောင့် သူ့ကို ရွေးချယ်မှာကို မလိုလားတာကြောင့်လည်း ဖြစ်မယ် ။
နိုနို သူမတွေးနေတာတွေကို ခနရပ်လိုက်ပြီး သူမရဲ့ သူဠေးကိုကြည့်လိုက်တယ် ။ ရှောင်းရီရဲ့ မျက်လုံးတွေက အပြုံးတစ်ချက်နှင့်အတူ လင်းလက်လာတယ် ။ သူမအံ့သြသွားပြီး ချက်ချင်းပင်ခေါင်းငုံလိုက်ကာ နှလုံးခုန်သံတွေကလည်း မြန်လာတယ် ။ မဟုတ်ဖူး ၊ လုံးဝကိုမဟုတ်ဘူး သူမ သူဠေးက သူမကိုစိတ်မဝင်စားလောက်ပါဘူး... ဟုတ်တယ်မလား ။ ah ah ahhhhh အခု သူမဘာလုပ်ရမလဲ ။ သူမရဲ့ သူဠေးက အရာရာပြည့်စုံပြီး အရမ်းကိုမှချောတယ် ၊ ဒါပေမယ့် သူမကတော့ နုံအပြီး ရိုးရှင်းတဲ့ သူတစ်ယောက်ပဲဖြစ်တယ် ..... ဒါကြီးက လုံးဝလိုက်ဖက်မနေဘူးလေ။
သူမက သူမရဲ့အတွေးကမ႓ာထဲ နစ်မြုပ်နေချိန်မှာ သူမရဲ့သူဠေး ရှောင်ရီက သူမရဲ့အတွေးများကို ငြိမ်းသွားစေမယ့် စကားတခွန်းကို ထုတ်ပြောလာတယ် ။
" မင်းရဲ့ blind date profile မှာတော့ မင်းက စာဖတ်ရတာ ဝါသနာပါတယ်လို့ဖြည့်ထားတယ် .... company က ကိုယ်ရေးရာဇဝင်မှာတော့ မင်းက novel တွေ fiction တွေ ဖတ်ရတာကြိုက်တယ်လို့ မဖြည့်ထားပါဘူး ဟုတ်တယ်မလား? "
ဤစကားကိုကြားရသောအခါ နိုနိုသည် သူမသူဠေးကို အလွန်ပင်လေးစားသွားသည် ။ သူ့ရဲ့ ဦးနှောက်က လူသားတစ်ယောက်ရဲ့ ဦးနှောက်မှဟုတ်ရဲ့လား ။ သူက တိကျတဲ့ တူရိယာတစ်ခုလိုပဲ သူမရဲ့ profile ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ company မှာပြည့်ခဲ့တဲ့ သူမရဲ့ profile နဲ့ blind date က profile ကို နှိုင်းယှဉ်ပြီး အမှားတွေကိုရှာဖွေနိုင်တယ် ။ ရှေင်းရီရေ ခင်များကလေ သူဠေးကြီးဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ် ။ အဲ့ဒီနောက် ရှေင်းရီက နောက်ထပ်မေးခွန်းအနည်းငယ်ကို ထပ်မေးလိုက်တယ် ၊ နိုနိုက သတိကြီးစွာနဲ့ အားလုံးကို ဖြေလိုက်တယ် ။ blind date ကို နာရီဝက်လောက်လေးလုပ်လိုက်တာက မသိရင် တိုက်ရိုက်အင်တာဗြူတစ်ခုဖြေလိုက်ရသလိုပဲ သူမတစ်ကိုယ်လုံးချွေးတွေရွှဲနေတာပဲ။
နိုနိုအမှန်တကယ်ပင်ငိုချင်လာသည် ။ company မှာ ရာထူးကြီးတဲ့ အတွင်းရေးမှူးနေရာ၊ မန်နေဂျာနေရာများသာလျှင် သူဠေးနဲ့ မျက်နှာချင်းဆိုင် interview ရတယ်လို့ကြားဖူးတာပါ ။ သူမက သာမာန်ဝန်ထမ်းလေးပါနော် ၊ သူမရဲ့ ကောင်းမွန်တဲ့ သီတင်းကျွတ်ပိတ်ရက်လေးဟာတော့ သူမသူဠေးရဲ့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုနဲ့တင် အဆုံးသတ်ခဲ့တယ် ။
blind date ပြီးသွားတာနဲ့ ရှောင်းရီက နိုနိုကို အိမ်ပြန်လိုက်ပို့ပးခဲ့တယ် ။ နိုနိုသည် သူမတို့အိမ်ရှေ့က ခုံတန်းပေါ်မှာထိုင်ပြီး သက်ပြင်းချလိုက်တယ်။ ဒီခံစားချက်ကြီးက သူမ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေတုန်းကထက် နှစ်ဆပိုဆိုးတယ်။ တစ်ချိန်ထဲမှာပဲ သူမရဲ့အမေက blind date အကြောင်းကိုမေးဖို့ ဖုန်းခေါ်လာခဲ့တယ် ။ နိုနိုက ခေါ်ဆိုလာသူရဲ့ နာမည်ကိုကြည့်လိုက်ပြီး သက်ပြင်းထပ်ချလိုက်တယ် ။ နိုနို၏ ပြောပြချက်အရ blind date က မအောင်မြင်ဖူးဆိုတာ သိလိုက်ရတယ် ၊ ဒါကြောင့် သူမအမေက " စိတ်မပူနဲ့ အမေနောက်တစ်ခါ ဒီထပ်ကောင်းတဲ့သူကို ရှာပေးမယ်..." သူမအမေရဲ့ စကားကို ကြားလိုက်ရတဲ့အခါ သူမ ဝိညာဉ်တောင်လွင့်ထွက်သွားသလို ခံစားလိုက်ရတယ် ။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွားကထဲက game ကစားတဲ့ လူတွေကြားမှာ Owl wing ထုတ်လုပ်ရေး company ရဲ့ (အရှေ့ပိုင်းမှာ company နာမည်ကို RPG production လို့ ရေးထားပါတယ် မင်မင်လည်း သူရေးတဲ့အတိုင်းဘာသာပြန်ရတာမို့ပါ 😿) ဂုဏ်သတင်းက " ရိုးသားမှု " ဆိုတဲ့ စကားလုံးပေါ်မှာ အခြေခံတယ်ဆိုပြီး ကြော်ကြားတယ်။ သူတို့ company က game ကစားတဲ့သူတွေကို ငွေတစ်ပြားပဲ ကောက်ခံတယ် ၊ တစ်ခြား company တွေလိုမျိုး သုံး လေး ပြား ညာမတောင်းဘူး၊ ငွေပြားအစွန်းထွက်လည်း သပ်ရပ်နေစရာမလိုဘူး။ ပြီးတော့ ယှဉ်ပြိုင်သူတွေရဲ့ နိမ့်ကျတဲ့အရည်အသွေးကိုပဲ ကြည့်ပြီး မဆုံးဖြတ်ဖူး။ အဲ့အချက်တွေကပဲ game ဆော့တဲ့လူတွေရဲ့ သဘောကျခြင်းကိုခံရပြီး ပါဝင်သူတွေများလာတာနဲ့အမျှ Company က တဖြည်းဖြည်းကြီးလာပြီး ယနေ့လိုမျိုး ကြီးမားတဲ့အောင်မြင်မှုတွေရလာခဲ့တယ် ။
နိုနို Owl Wing Production မှာ အလုပ်လုပ်ချင်သော အကြောင်းအရင်းမှာလည်း အဲ့ဒီအချက်ကြောင့်ဆိုတာ အတိအကျဖြစ်တယ် ။ ဒါပေမယ့် အလုပ်လုပ်တာ ၂လမပြည့်ခင်မှာပဲ သူမအဖေပေးတဲ့ အကြံညဏ်တွေနှင့် သူမအမေရဲ့ blind date အစီအစဉ်တွေကြောင့် အလုပ်ပြုတ်သွားနိုင်ခြေရှိတယ် ။
သူမအကြီးအကျယ် စိတ်အနှောက်အယှက်ဖြစ့်မှုတွေကြောင့် တနင်္လာနေ့ အလုပ်သွားတဲ့အချိန် အလုပ်ကိုနောက်ကျမှရောက်သွားခဲ့တယ် ။
Company က အလုပ်နောက်ကျတာတွေနဲ့ပက်သက်ရင် သဘောထားကြီးတယ်။ Company က ဝန်ထမ်းတွေကို တစ်လမှာ ၃ကြိမ်နောက်ကျခွင့်ပြုထားတယ် ၃ကြိမ်ထက်ပိုရင်တော့ လစာထဲကဖြတ်မှာဖြစ်တယ် ။ ယနေ့ မမျှော်လင့်ထားတဲ့ လမ်းမတော်တဆမှုတွေကြောင့် သူမနဲ့ လမ်းကြောင်းတူတဲ့ တစ်ခြားဝန်ထမ်းတွေလည်း သူမလိုပဲ အလုပ်နောက်ကျခဲ့ကြတယ် ။ ဒါပေမယ့် ဘယ်သူမှ သူမလိုကံမဆိုးကြဘူး ၊ မနက်အစောမှာပဲ သူမရဲ့သူဠေးနဲ ဓါတ်လှေကားထဲမှာထိပ်တိုက်တိုးတော့တာပဲ ။
လွန်ခဲ့တဲ့လက နိုနိုနဲ့ တစ်ခြားလုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအသစ်တွေက company စတင်တည်ထောင်ခဲ့တဲ့ သမိုင်းကို လေ့လာခဲ့ကြရတယ် ။ ဖန်တီးမှုဠာနက သူဠေး ရှန်ရှောင်ရီက ဘာကြောင့် ၁ရလွှာမှာ နေထိုင်ရသနည်း ၊ ဘယ်တော့မှာ coffee ဆိုင်မှာ မုန့်ထိုင်မစားဘူး၊ မည်သည့်ဠာနက အစည်းအဝေးမှ မတက်ဘူး၊ အလုပ်ခွင်ထဲကိုလည်း ဘယ်တော့မှ ကိုယ်တိုင်ကိုယ်ကျလိုက်ကြည့်လေ့မရှိဘူး ၊ အထူးသီးသန့် VIP ဓါတ်လှေကားလည်းရှိတဲ့အတွက် "နွေးထွေးတဲ့ တွေ့ဆုံမှု " (သူဠေးနဲ့ ဓါတ်လှေကားအတူစီးနိုင်ဖို့ အခွင်းအရေးကိုပြောတာပါ) ဆိုတာကတော့ လုံးဝကိုမရရှိနိုင်ပါဘူး ။
ဒါကြီးက လုံးဝကို အံသြဖို့ကောင်းလွန်း် ၊ ဒီ " နွေးထွေးတဲ့ တွေ့ဆုံမှု " ဆိုတဲ့ အရာကြီးက သူမစီမှာ မှ တကယ်ကြီးကြုံလာရတယ်လို့ ။ သို့သော်လည်းပဲ ၎င်းတွေ့ဆံမှုသည် သူမအတွက်တော့ နွေးထွေးမနေပါ ဒီတွေ့ဆုံမှုကြီးက " ရက်စက်မှု " လို့တောင် ပြောလို့ရတယ် ။ ပထမအကြိမ်က bling date ၊ အခုတစ်ခေါက်ကြ ဓါတ်လှေကားထဲမှာ ၂ ယောက်ထဲဆုံရတယ်လို့ နိုနို အရမ်းကိုရှက်ရွံ့ပြီး အသက်ရှုမဝတောင်ဖြစ်လာတယ် ။
အချိန်ကြာမြင့်စွာ ရုန်းကန်ပြီးတဲ့နောက်မှာတော့ နိုနိုက " သူဠေး မင်္ဂလာနံနက်ခင်းပါလို့ " အပြုံးကိုဖျစ်ညှစ်ပြီး နှုတ်ဆက်လိုက်တယ် ။
သူမရဲ့ ဆန့်ကျင်ဖက်မှာ ရပ်နေတဲ့ သူမရဲ့သူဠေး ရှောင်ရီက မီးခိုးရောင်ကုတ်နှင့် အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး ထူးကဲပြီး အေးစက်တဲ့အော်ရာတွေဖုံးလွှမ်းနေတယ် ။
နိုနိုရဲ့ မျက်နှာဟာ ရှုံတွသွားတယ် ။ သူမနောက်ကျတယ်ဆိုတာ သူမကိုယ်သူမသိတယ်၊ ကံမကောင်းစွာပဲ သမရဲ့ သူဠေးက သူမကို တိုက်ရိုက်ကြီး ဖမ်းမိခဲ့တယ် ။ ရှောင်းရီအပေါ်မှာ မကောင်းတဲ့ထင်မြင်ချက်တစ်ခုထားခဲ့တာက သူမရဲ့ စမ်းသက်ကာလကို မကျော်ဖြတ်နိုင်ဘူးဆိုတဲ့ သဘောကို သက်ရောက်သွားမလား။
နိုနိုက ဓါတ်လှေကားထဲမှာ အမျိုးမျိုးစဉ်းစားနေခဲ့တယ် ။ သူမရဲ့ နှလုံးသားထဲမှာ အော်ဟစ်လိုက်ပြီး သူမသူဠေးရှိတဲ့ဘက်ကို လျှောက်သွားလိုက်ပြီး နှုတ်ဆက်ဖို့ပြင်လိုက်တယ် ။ "သူဠေး ကျွန်မရဲ့အထပ်ကိုရောက်ပြီ " ဆိုတဲ့ စကားကို သူမသူဠေးအနီးနားရောက်တဲ့အချိန်မှာ သူမပါးစပ်က မထွက်လာခဲ့ဘူး။
ဒါက ၊ ဒီဟာက ၊ မဟုတ်ဖူး.....
ရှောင်းရီက သူမရဲ့ နောက်ကျောဘင်ကနေ ဖြတ်လျှောက်သွားပြီး " ဒီဟာက 17 လွှာကိုပဲ တိုက်ရိုက်သွားတဲ့ VIP ဓါတ်လှေကားပဲ ၊ မင်း ရိုးရိုးဓါတ်လှေကားကို သုံးပြီး အောက်ထပ်ကိုပြန်ဆင်းလိုက်" လို့ အေးစက်စက်အသံနဲ့ ပြောလိုက်တယ် ။
သူမရဲ့ခေါင်းထဲမှာ အနက်ရောင်မျဉ်းတွေ ဖြတ်ပြေးနေတယ်
နိုနိုဟာ နောက်ဆုံးတော့ နားလည်သွားပြီ ၊ သူမက အလုပ်နောက်ကျနေတဲ့အတွက် မြန်မြန်ရောက်ချင်ဇောနှင့် သေချာဂရုတစိုက်မကြည့်မိပဲ VIP ဓါတ်လှေကားကို သူမရဲ့ သူဠေးနဲ့အတူ လိုက်စီးလာမိတာပဲ ။
စာလုံးပေါင်းအမှားလေးတွေ ပါခဲ့ရင် ခွင့်လွှတ်ပေးကြပါအုန်း
Bạn đang đọc truyện trên: truyentop.pro