4
[Zawgyi]
Matchmaking Alternative (1.4)
!!!!!!
အသက် ၁၇/၁၈ အရွယ်ကောင်းလေးတစ်ယောက် နိုနိုအရှေ့မှာလာပြီး လမ်းညွှန်ပေးဖို့ရာတောင်းဆိုတဲ့အခါမှာတော့ သူမရဲ့အာရုံကိုလွှဲလိုက်တယ် ။
" ကျေးဇူး.... ကျေးဇူးပါ..."
"ရပါတယ်"
"ဟားဟားဟား...."
" မင်း အသက် ဘယ်လောက်လဲ"
"ဟန်..." ကောင်လေးက ဘာမှမတုံ့ပြန်လာဘူး
27/10/2021
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
[Unicode]
Owl Wing Company ကို စဝင်တဲ့နေ့ကထဲက နိုနိုက ထူးဆန်တာတစ်ခုကို သတိထားမိတယ်
နေတိုင်းလိုလို သူမရဲ့ mail box ထဲကို လမ်းညွှန်စာရွက်တွေ ပို့လာပြီး လုပ်ငန်းဆင်းတော့မယ့်အချိန်ရောက်တိုင်း သူမရဲ့ အထက်အရာရှိထံသို့ တနေ့တာလုပ်ဆောင်ချက်တွေကို ပြန်ပြီးတင်ပြရတယ် ။ ဒီလုပ်ဆောင်ချက်တွေက ရှောင်းရီထံ မရောက်မှီ ထုတ်လုပ်ရေးခေါင်းဆောင် ၊ စီမံရေး ခေါင်းဆောင်၊ သက်ဆိုင်ရာမန်နေဂျာများ ထံသို့ အရင် ရောက်ရှိသွားတယ် ။
အဲ့ဒီနောက် နိုနို တွေးမိတာက ၊ရှောင်းရီက သူဠေးတစ်ယောက်အနေနဲ့ ဒီလို ဆင်တူရိုးမား email တွေဘယ်လောက်များများ လက်ခံနေရမလဲ? ၊ သူမက အလုပ်သင်လေးပဲလေ ဘာလို့သူ့စီကိုပါ နေ့တိုင် mail ပို့ပြီးတင်ပြနေရတာလည်း ၊ သူ့ ရဲ့ mail box ထဲမှာ mail တွေပြည့်နေမှာပေါ့ ။
သူမရဲ့သူဠေးမှာ email တွေကို စီမံခန့်ခွဲပေးမယ့် ဝန်ထမ်းတစ်ယောက်ရှိနေတယ်ဆိုတာကို နိုနိုဟာ မသိခဲ့လေဘူး၊ အဲ့ဒီ ဝန်ထမ်းက email တွေကို အရေးကြီးတဲ့ဟာ၊ အရေးမကြီးတဲ့ဟာ၊ ကိုယ်ရေးကိုယ်တာ၊ လုပ်ငန်း စသည်ဖြင့် သီးခြားစီ ခွဲပြီးမှ ရှောင်းရီထံတင်ပြရတာဖြစ်တယ် ။
များသောအားဖြင့် သူမရဲ့သူဠေးက အရမ်းကိုအလုပ်များသောကြောင့် email တွေကို သူကိုယ်တိုင်စစ်လေ့မရှိဘူး ၊ အရေးကြီးတာတွေလောက်ပဲ ကြည့်လေ့ရှိတယ်။ ကံမကောင်းစွာပဲ နိုနိုကို ကောင်းကင်ဘုံက မျက်နှာသာမပေးခဲ့ဘူး။
ဒီအပတ်မှာတော့ သူမရဲ့သူဠေးက email တွေကို သူကိုယ်တိုင်စစ်ကြည့်ဖို့ရာအတွက် အရမ်းကိုမှ အားနေတယ် ။ " Ding " email ဝင်လာတာနဲ့ ရှောင်းရီက တန်းပြီးဖွင့်ကြည့်လိုက်တယ် ။ တစ်ချက်နှိပ်လိုက်တာနဲ့ ဒီအပတ်တနင်္ဂနွေရဲ့ အချိန်ပိုသင်တန်းက report တွေ၊ သူမရဲ့အခြေအနေက မရှင်းလင်းပေမယ့် သူမရဲ့သူဠေးကတော့ သူမလို အလုပ်သင်ပေါက်စလေးကို ဆူပူကြိမ်းမောင်ဖို့ အချိန်တွေအားနေခဲ့တယ် ။
သူမအပါအဝင် လူတိုင်းက တင်ပြဖို့ရာအတွက် ဆန္ဒရှိကြတယ်
ဒါပေမယ့် ဒီအခြေအနေမှာတော့ နိုနိုအတွက် မသေချာတော့ဘူး ။
အစည်းအဝေးခန်းထဲမှာ နည်းပြဆရာ မိုဇီယွမ်က whiteboard ပေါ်မှာ စာရေးနေစဉ် စိတ်မရှည်စွာ ဟောပြောပို့ချနေတယ်၊ Fei long အဖွဲ့သားတွေက မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားပြီ အာရုံစူးစိုက်နေကြပေမယ့် နိုနိုကတော့ လုံးဝဆန့်ကျင်ဖက်ဖြစ်နေပြီး တွေးချင်ရာတွေးနေတယ် ။
ရှောင်းရီ အစည်းဝေးခန်းထဲသို့ မရောက်လာမှီအချိန်ထိ နည်းပြ မိုဇီယွမ်က စည်းကမ်းမတင်ကြပ်ခဲ့ဘူး၊ Fei Long အဖွဲ့သားတွေကလည်း ရီမောနေကြပြီး မိုဘိုင်းဖုန်းကစားသူကကစား အိပ်တဲ့သူကအိပ်နေကြသည် ။
Fei Long အဖွဲ့ရဲ့ခေါင်းဆောင်က နိုနိုလက်ကို ဆွဲလိုက်တယ် ။ သူမရဲ့ email ကြောင့်သာမဟုတ်ရင် အိပ်တဲ့သူတွေက ဆက်အိပ်လို့ရသလို ၊ ကစားနေတဲ့သူတွေလည်း ဆက်ကစားလို့ရတယ် ။ ခင်ပွန်း၊ ဇနီးမယား သားသမီးတွေနဲ့အတူ အပြင်ထွက်လည်ချင်သူက ထွက်လည်လို့ရတယ်။ သူမက ရှက်ရွံ့စွာနှင့် တောင်ပန်ခဲ့ပေမယ့် ဘယ်သူကမှ သူမရဲ့တောင်းပန်မှုကို တုံ့ပြန်မှုမရှိကြတဲ့အတွက် Fei long ခေါင်းဆောင်က သက်ပြင်းချလိုက်တယ် ။ " မင်းရဲ့ ... ကံဆိုးမှုကိုသာ အပြစ်တင်ရတော့မှာပဲ "
" Oh " နိုနိုက နားမလည်ပဲ နည်းပြဆရာကို မျက်တောင်ခတ်ပြီးကြည့်လိုက်တယ် ။
မိုဇီယွမ်ကပြောလာခဲ့တယ် " အဲ့ဒီ game ကို ဖန်တီးတဲ့သူက ရှောင်းရီပဲ "
!!!!!!
နိုနိုရဲ့ မေးကအောက်ကိုပြုတ်ကျသွားခဲ့ပြီး .... ကျန်တဲ့သူတွေ အကုန်လုံးလည်း တိတ်ဆိတ်သွားကြတယ်
သူမရဲ့ သူဠေးဘာလို့ အရမ်းစိတ်တိုသွားလည်းဆိုတာ မအံ့သြတော့ပါဘူး၊ ဘယ်သူကများ သူတီထွင်ထားတဲ့အရာကို သူမလို အလုပ်သင်ပေါက်စလေးက ဝေဖန်တာကို ခံနိုင်မှာလည်း ။
နိုနို သတိပြန်မဝင်လာသေးခင်မှာပဲ Fei long ခေါင်းဆောင်က ထပ်ပြောလာတယ် " တကယ်တော့ game ထဲမှာ အမျိုးသားနှင့် အမျိုးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန် တုံ့ပြန်မှုတွေကို ထည့်သွင်းစင်းစားဖို့ တင်ပြခဲ့ပေမယ့် သူဠေးက ပယ်ချခဲ့တယ် "
" ဟုတ်တယ် " တစ်ခြား တစ်ယောက်ကလည်း ထောက်ခံလာတယ် ၊ " ရှောင်ကောက သူရဲ့ အာဏာကိုအသုံးချပြီး ဖိနှိပ်လွန်းတယ် "
" Oh ??? အာဏာကိုအလွဲသုံးစားလုပ်တာလား ၊ သူရဲ့ အာဏာပြမှုကို ပြန်ပြီး တော်လှန်ဖို့ လိုအပ်လား?? "
နိုနိုက ဘေးပတ်ဝန်းကျင်ကို စပြီး ကြည့်လိုက်တဲ့အချိန်မှာ ရှောင်းရီ ဘယ်အချိန်ကထဲက ရောက်နေမှန်းမသိခဲ့ဘူး။
" တော်လှန်တာ ???? သဘာဝအတိုင်း အကြမ်းဖက်ဖိနှိပ်တာ ??? " ရှောင်းရီ နိုနိုရဲ့ ဘေးကခုံမှာ ထိုင်ချလိုက်တာနဲ့ တစ်ပြိုင်နက် အစည်းအဝေးခန်းရဲ့ လေထုက သုညအောက်ထိ ဆင်းကျသွားခဲ့တယ် ။
သူမရဲ့ မှတ်ညဏ်တွေရပ်တန့်သွားတယ် ၊ သူမရဲ့ သူဠေးက တကယ်ကို အားယားနေပြီ အရမ်းပျင်းရိငြီးငွေ့နေတာလားလို့ သံသယဝင်မိလာတယ် ။ ရုတ်တရက်ကြီး သူမရဲ့ email တွေကို စာပြန်လာတယ် ၊ အခုလည်း ဘာသတိပေး အကြောင်းကြားတာမှမရှိပဲ ပိတ်ရက်မှာဖွင့်တဲ့ အချိန်ပိုသင်တန်းကို ရောက်ရှိလာပြန်တယ် ။
နံနက်ခင်းတစ်လျှောက်လုံး သင်ကြားပေရတဲ့သူပဲဖြစ်ဖြစ် လေ့လာရတဲ့သူပဲဖြစ်ဖြစ် အရမ်းကိုမှ ပင်ပန်းနေတဲ့အတွက် နိုနိုရဲ့ နေ့လယ်စာအတူစားကြဖို့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြတယ် ။ အိမ်ပြန်တဲ့သူတွေကပြန်ကြသလို သူတို့ရဲ့ ဇနီး ဒါမှမဟုတ် ရီးစားတွေနှင့် ရုပ်ရှင်သွားကြည့်တဲ့သူက သွားကြည့်ကြတယ် ။ သင်တန်းမပြီးခင်မှာပဲ ရှောင်းရီက ဖုန်းပြောဖို့ထွက်သွားပြီး မျက်စိတစ်မှတ်အတွင်းမှာပဲ ပြောက်ကွယ်သွားတယ် ။ အခုတော့ နိုနိုတစ်ယောက်ထဲပဲကျန်နေတော့တယ် ။ နိုနိုက သူမရဲ့ ဆန္ဒအတိုင်းပဲ အစည်းဝေးအခန်းကို ရှင်းလင်းလိုက်တယ် ။
( အစည်းဝေးအခန်းမှာ သင်တန်းပို့ချတာပါနော် ၊ သင်တန်းပို့ချတယ်ဆိုတာကလည်း ကျောင်းတက်သလိုမျိုးမဟုတ်ပါဘူးနော် ၊ ဘလိုပြောရမလဲ presentation လုပ်သလိုမျိုး ပုံစံနဲ့ သင်ကြားပို့ချတာပါနော် မရှင်းမရှင်းဖြစ်နေကြမှစိုးလို့ပါ 😬)
သူဠေးကလည်း ပြန်လာလောက်မှာ မဟုတ်တော့ဘူး ။ ဒါကြောင့် သူမလည်း အိမ်ပြန်ဖို့အတွက် ပြင်ဆင်လိုက်တယ် ။
ရလဒ်အနေနဲ့ကတော့ သူမ bus ကားစောင့်နေစဉ်မှာ သူမအတွက် အရမ်းကိုမှ ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုဖြစ်သွားခဲ့တယ် ။
bus ကား စောင့်နေစဉ် နိုနိုက သူမရဲ့သူဠေးကို " blood weekend kill " လို့ နာမည်ပြောင်ပေးဖို့ရာ စဉ်းစားလိုက်တယ် ။
လူအများစုကတော့ ပိတ်ရက်တွေမှာ စိတ်အေးလက်အေးနဲ့ အနားယူနိုင်ကြတယ် ၊ သူမအတွက်ကတော့ အရင်အပတ်မှာ blind date ကြောင့် စိတ်ပင်ပန်းရ၊ ဒီအပတ်မှာကျ အချိန်ပိုသင်တန်းတက်ရနဲ့ နောက်အပတ်မှာရော ဘလို စိတ်ပင်ပန်းစရာတွေလာအုန်းမှာလည်း .....
နောက်အပတ်ကလည်း သူမအတွက် စိတ်ပျက်စရာတွေပဲလာမှာလားလို့ တွေးမိရုံနဲ့တင် နိုနို အနည်းငယ်တုန်လှုပ်မိသွားတယ် ။
အသက် ၁၇/၁၈ အရွယ်ကောင်းလေးတစ်ယောက် နိုနိုအရှေ့မှာလာပြီး လမ်းညွှန်ပေးဖို့ရာတောင်းဆိုတဲ့အခါမှာတော့ သူမရဲ့အာရုံကိုလွွှဲလိုက်တယ် ။
သူမတို့ နှစ်ယောက်နဲ့ အနည်းငယ်ဝေးကွာတဲ့နေရာကို နိုနိုက သတိထားလိုက်မိတယ်၊ အဲ့ဒီနေရာမှာ လည်း ဒီကောင်လေးနဲ့ သက်တူရွယ်တူ ကောင်လေး၂ယောက်က သူမတို့ဘက်ကို လှမ်းကြည့်နေကြတယ်။
Oh!!! နိုနိုက ဒီအခြေအနေကို နားလည်လိုက်တယ် ၊ တကယ်တန်းက လမ်းညွှန်မှုကို တောင်းဆိုဖို့မဟုတ်ပဲ စကားပြောချင်ရုံသက်သက်ပဲ ။ သူမရှေ့က ကောင်လေးရဲ့ ကျောင်းဝတ်စုံကို ကြည့်လိုက်တော့ XX အလယ်တန်းကျောင်းက ကျောင်းသားတစ်ယောက်ဆိုတာ သိလိုက်တယ် ။
" ဟို...ဟို..." သူရဲ့လက်တွေကို ဆံပင်တွေထဲ ထိုးထည့်လိုက်ပြီး " အနောက်ဖက်က သစ်တောပန်းခြံကို ဘယ်လိုသွားရမလဲဆိုတာ ပြောပြပေးပါလား " ဆိုတာကို မပြီးခင်ထိ စကားထစ်နေခဲ့တယ် ။
နိုနို မျက်တောင်ခတ်လိုက်ပြီး သဘောပေါက်သွားတယ် ၊ သူက လမ်းညွှတ်မှုကို တကယ်တောင်းနေတာပဲ၊ " နံပါတ် ၁၂ bus ကားကို စောင့်ပြီးစီးလိုက် ၃မိနစ်လောက်ဆို အနောက်ဘက်က သစ်တောပန်းခြံကိုရောင်ပြီ"
" ကျေးဇူး.... ကျေးဇူးပါ..."
"ရပါတယ်"
ကောင်လေးက အနည်းငယ်ရှက်နေတဲ့မျက်နှာနဲ့ အကြာကြီးဖိနှိပ်ထားတဲ့ စကားတစ်ချို့ကိုပြောလာတော့တယ် " အဲ.... မင်းရဲ့ ဖုန်းနံပါတ်ကိုတောင်းလို့ရမလား.."
နိုနိုက မျက်တောင်တစ်ဖန်ခတ်လိုက်ပြီး အခု အမှန်တရားကို သဘောပေါက်သွားတော့တယ် ၊ တကယ်တော့ လမ်းညွှန်ခိုင်းတာက အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး ဒါက သူ့ရဲ့ တကယ့်ရည်ရွယ်ချက်အမှန်ဟူတ်ပုံမရဘူး။ ဒါပေမယ့် ဒီကလေးက အရမ်းငယ်သေးတယ် မဟုတ်ဖူးလား။ သူမက အနည်းဆုံး သူ့ထက် ၅နှစ်လောက်တောင်ကြီးတာလေ ဒါကိုသူက သူမစီကနေ ဖုန်းနံပါတ်တောင်းဝံ့တယ်လား!!!
ကောင်လေးက နိုနို အသံတိတ်သွားတာကို မြင်တော့ သူမစိတ်ဆိုးသွားတယ်ထင်ပြီး အရှုံးမပေးချင်ပဲ သူ့ရဲ့ခေါင်းကိုကုတ်လိုက်ပြီး " ဟို လမ်းမရှာတွေ့ရင်ဖုန်းဆက်ပြီး မင်းကိုလှမ်းမေးကြည့်လို့ရအောင်ပါ "
နိုနိုကတွေးလိုက်တယ် ဘလို " လမ်းရှာမတွေ့မှာ စိုးလို့ ဖုန်းဆက်မေးဖို့??"ဒီမှာ မောင်လေးရေ.... ဒီထက်ကောင်းတဲ့အကြောင်းပြချက် ပေးလို့မရဘူးလား...
နိုနိုက စက္ကန့်ပိုင်းလောက်စဉ်းစားလိုက်ပြီး " ဪ မင်းလမ်းညွှန်ချက်တောင်းဖို့အတွက် ငါ့ဖုန်းနံပါတ်ကို လိုချင်တာလား?? "
ဒါကိုကြားတာနဲ့ ကောင်လေးက နည်းနည်းရှက်သွားပြီး နိုနိုရဲ့ အပြုံးနုနုလေးကိုကြည့်ရင် အနည်းငယ်စိတ်လှုပ်ရှားသွားတယ် " ဟင့်အင်း... တကယ်တော့ ငါမင်းကို bus ကားစောင့်နေတာ ခဏခဏ တွေ့ဖူးတယ် ... ငါတို့ သူငယ်ချင်းဖြစ်လို့ရမလား? "
ဒီကောင်လေးရဲ့ ဝန်ခံချက်ကိုကြားတာနဲ့ အခြားနေရာမှာ ရပ်နေတဲ့ ကောင်လေးအုပ်စုထဲကနေ ရီသံတွေထွက်လာတယ် ။ " အို... နောက်ဆုံးတော့ ရက်ပေါင်များစွာကြာအောင်လေ့ကျင့်ခဲ့တဲ့ ဒီစကားကို ပြောထွက်ပြီပေါ့"
"ကောင်းပြီ ၊ ငါသာ မင်းနေရာမှာဆိုရင် သူမကို လဝက်လောက်နဲ့ ရအောင်လိုက်မှာ၊ ဘယ်သူသိမလဲ အခုချိန်ဆို အကြင်နာတွေဘာတွေတောင် ပေးပြီးသွားလောက်ပြီး " 😆
"ဟားဟားဟား...."
နိုနိုက အဲ့ဒီဆိုသွမ်းနေတဲ့ အုပ်စုရဲ့ ရီသံကိုကြားလိုက်တာနဲ့ သူမရဲ့သွေးကြောတွေ ဖောင်းပွလာတဲ့ထိ စိတ်တိုလာတယ် ။ သူမဘေးကကောင်လေးက အနည်းငယ် စိတ်လှုပ်ရှားသွားပုံရပြီး သူမကို အလျှင်စလို ရှင်းပြလာခဲ့တယ် " မင်း... မင်း သူတို့ကို စိတ်ထဲထားမနေပါနဲ့ ..." ကောင်လေးရဲ့စကားမဆုံးခင်မှာပဲ နိုနိုက " fire queen " အဖြစ်ပြောင်းသွားတော့တယ် ။
" မင်း အသက် ဘယ်လောက်လဲ"
"ဟန်..." ကောင်လေးက ဘာမှမတုုံ့ပြန်လာဘူး
နိုနိုက ထပ်ပြီးမေးလိုက်တယ် " မင်း အသက်ဘယ်လောက်ရှိပြီလဲ ၊ ငါ့ကို အမှန်တိုင်းပြော "
သူမရဲ့ စကားတွေက ကောင်လေးကို အံ့အားသင့်သွားစေတယ် ။
နိုနိုကတော့ ဒီဟာက ရီစရာကောင်းတယ်လို့ ထင်မနေဘူး၊ " မင်းက အရမ်းငယ်သေးတယ် ၊ ပညာတောင်မစုံသေးဘူး ၊ အမတစ်ယောက်အနေနဲ့ မင်းရဲ့ ဆရာနဲ့ မိဘတွေကို မတွေ့... "
" cut " သူမရဲ့ စကားမဆုံးခင်မှာပဲ ခပ်ဆိုးဆိုးပုံစံနဲ့ ကျောင်းသားက ပြောလာတယ် " အသက်ကြီးချင်ယောင် ဆောင်နေတာလား ၊ မင်းကျောင်း အင်္ကျီ မဝတ်ထားတာနဲ့ပဲ ငါတို့ကို လိမ်လို့ရမယ်ထင်နေတာလား "
ဒါကိုကြားတာနဲ့ နိုနိုရဲ့ ခေါင်းထဲမှာ လျှပ်စီးတွေလက်လာသလိုပဲ ၊ ဒီကလေး ... တကယ်တော့ သူမကို သူ့ကျောင်းနေဖက်အဖြစ် သတ်မှတ်နေခဲ့တာလား ??
သူမရဲ့ ဖုန်းနံပါတ်ကိုတောင်းဖို့ သူ့မှာသတ္တိရှိနေတာ မဆန်းပါဘူးလေ ။
အချိန်အတော်ကြာတဲ့ထိ နိုနိုက ဘာမှပြန်ပြောမလာဘူး ၊ " ဟုတ်တယ် သူမက ကလေးနဲ့တူနေတယ်ဆိုတာတော့ ဝန်ခံပါတယ် ၊ သူမ ဘလိုပဲဝတ်ဝတ် သူမရဲ့ မျက်နှာဝိုင်းဝိုင်းလေးက ကျောင်းသူနဲ့တူနေတာပဲ ၊ သို့ပေမယ့်လည်း သူမက လူ့အဖွဲ့အစည်းထဲမှာ နှစ်နှစ်ကြာအောင်တောင် အလုပ်လုပ်ခဲ့ပြီးပြီလေ ၊ ဘလိုပဲဖြစ်ဖြစ်ပါ သူမရဲ့ မျက်နှာမှာ ရင့်ကျက်မှုတွေတော့ ရှိနေလောက်ပြီ ဟူတ်တယ်မလား "
ဘာလို့... ဒီကလေးတွေ... နိုနိုအနည်းငယ် စိတ်ညစ်သွားတယ် ။ သူမရဲ့ ရှေ့က ဒီကောင်လေးကို ဘယ်လိုငြင်းရမလဲလို့ စဉ်းစားရင်း သူမရဲ့စိတ်ထဲမှ ဒီကလေးတွေကို ဘယ်လို့ သင်ခန်းစာပေးရင်ကောင်းမလားဆိုတဲ့ အတွေးကဝင်လာတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငါက ကောလိပ်ကျောင်းသားအရွယ်ပါ ။ ငါ့ကို ဘာလို့ အထက်တန်းကျောင်းသူလို့ မြင်ရတာလဲ။ အရမ်းရှက်ဖို့ကောင်းတယ် ....
နိုနိုရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို မြင်လိုက်ရတာနဲ့ ကောင်လေးက နိုနိုငိုတော့မယ်လို့ ထင်သွားတယ် ။
သူက မြန်မြန် နှစ်သိမ့်ဖို့ကြိုးစားလာတယ် " မင်း ဒါကိုမကြိုက်ဖူးဆို ၊ ငါတို့ ... ငါ မတောင်းဆိုတော့ပါဘူး " ၊ " တကယ်လို့ မင်းရဲ့ ဖုန်းနံပါတ်ကို ငါ့ကို မပေးချင်ရင်လည်း ကျောင်းဆင်းတဲ့အချိန် နေ့တိုင်း မင်းနဲ့အတူတူ အိမ်ပြန်လို့ရလား ... အဆင်ပြေလား "
" ကျောင်းပြီးရင် အတူတူဆိုတဲ့" စကားလုံးကို bus ကားမှတ်တိုင်ရှေ့သို့ Volvo ကားတစ်စီး ရပ်တန့်လာတဲ့အခိုက်မှာ ပြန်ပြီး တုံ့ပြန်ဖို့ရန် အချိန်မရှိတော့ပါ ။
စာလုံးပေါင်းအမှားလေးတွေနဲ့ နားမလည်တဲ့နေရာလေးတွေရှိရင် ခွင့်လွှတ်ပေးကြပါအုန်းနော် အခုမှ စပြန်တဲ့ novel လေးမို့ပါ 🥰
27/10/2021
Bạn đang đọc truyện trên: truyentop.pro