အနီးစပ်ဆုံးသော ဝေးကွာမှု

"Tao-er ... tao....tao.... zitao ! "

"Ge ge . Tao ဒီမှာ "

Aww ဒီက​လေးနှယ်​ ငါ့မှာ​တော့ အိမ်​ပြန်​​ရောက်​​ရောက်​ခြင်း အ​ပြေးအလွှာ ရှာလိုက်​ရတာ သူက ချယ်​ရီပန်းပင်​​တွေ ​အောက်​မှာ သူ့ candy ​လေးနဲ့ သာယာ​နေတယ်

"Tao-er ဒီ​တောဘက်​ကို ge မပါဘဲ မလာပါနဲ့ဆို လမ်း​ပျောက်​ပြီး မပြန်​တတ်​​တော့ရင်​ ဘယ်​လိုလုပ်​မလဲ "

"Ge ကလည်း ဒီမှာ candy ​လေးပါတာပဲဟာ ပြီး​တော့ ge ပြန်​လာလို့ tao ကို မ​တွေ့ရင်​လည်း လိုက်​ရှာမှာ​လေ ဟုတ်​တယ်​မှလား "

ကြည့်​စမ်း သူ့လက်​က​လေး​တွေနဲ့ ကျ​နော့်​ ခါးကို ဖတ်​ကာ ရင်​ခွင်​ထဲတိုးဝင်​​နေပြီး ​ခေါင်း​လေး​မော့ ​ပြော​နေပုံကိုက ချစ်​စရာ

"ဟင်​လို့ ge . Tao ကို ပြန်​လာရှာမှာမှလားလို့ "

အမ​လေး​လေး မျက်​လုံး​လေးပြူး နှုတ်​ခမ်း​လေး စူပြီး ​ပြော​နေတာ အသည်းယားလိုက်​တာ ဒီပုံစံ​တွေ ဒီပုံစံ​တွေ ကျ​နော်​ wu yifan ဆိုတဲ့ ​ရေခဲတုံး cool guy ကြီးကို ​အရည်​​ပျော်​​အောင်​ ​ခြွေ​နေတဲ့ ပုံစံ​တွေ

"ဒါက​တော့ ဘယ်​​ပြောလို့ရမလဲ ရှာချင်​မှ ရှာမှာ​ပေါ့ "

"Ge ! Ge ​နော်​ tao ကို မချစ်​​တော့လို့လား tao ​ပျောက်​သွားလည်းရပြီ​ပေါ့ "

အမ​လေး မျက်​ရည်​​လေး တစ်​စမ်းစမ်းနဲ့ သနားစရာ မျက်​နှာ​လေး ဒီက​လေးဟာ​လေ စိတ်​ကို​ပျော့လွန်းတာပါ

"Tao-er က​လေးကလည်း ge က စတဲ့ဟာကို ge tao ကို ချစ်​တာ သိတယ်​မှလား tao ​လေး ကို ဘယ်​အ​ပျောက်​ခံမလဲ ge မရရ​အောင်​ကို ရှာမှာ ge ကိုယုံတယ်​မှလား မငိုနဲ့​လေ pada ​ပေါက်​စ​လေးရဲ့ 😙😙 "

"သိသားပဲ ge မှ tao ကို မခွဲနိုင်​တာ တမင်​​ပြောတာ 😜 "

"ဟာ ဒီ​ကောင်​​လေး "

တစ်​​ယောက်​က ခါး​လေးဖတ်​ တစ်​​ယောက်​က ပုခုံး​လေး ဖတ်​ကာ တစ်​​ယောက်​ပါး​လေး တစ်​​ယောက်​ လှမ်းနမ်းကာ ကျီစယ်​ရင်း  အိမ် ပြန်​တဲ့ လမ်း​လေးက ​ကောင်​​လေး နှစ်​​ယောက်​ကို​တော့ သူ့က​လေး​လေး အရမ်းချစ်​တဲ့ ချယ်​ရီ ပန်းပင်​​လေးက ပန်းပွင့်​က​လေး​တွေက အစွမ်းကုန်​ အလှဆင်​​ပေး​နေ​လေရဲ့

မနက်​အိပ်​ယာထ ​တော့ လက်​တစ်​ဖက်​က ထုံကျဉ်​​နေသည်​ ဘာဖြစ်​တာပါလိမ့်​ မျက်​လုံး​လေး ဖွင့်​လိုက်​​တော့မှ aww က​လေး ​ခေါင်းဦးအိပ်​​နေတာပဲ ညက အိပ်​မ​ပျော်​ဘူးဆိုလို့ လက်​​ပေါ် ​ခေါင်းဦးခိုင်းပြီး သီချင်းဆိုသိပ်​ရင်း အိပ်​​ပျော်​သွားတာ

"အင်းးးး"

ဟော panda ​ပေါက်​စ​လေး နိုးပြီ

"Ge ဘာလို့ tao ကို ကြည့်​​နေတာလဲ မျက်​နှာလည်းမသစ်​ဘူး ညစ်​ပတ်​ကြီး "

"အယ်​ ! သူပဲ လက်​ကို ​ခေါင်းဦးထားပြီး​တော့ ge ဘယ်​လိုထရမလဲ က​လေးရဲ့ "

"အာာာ ge တစ်​ညလုံး အဲ့လို​နေ​နေတာ ! Ge လက်​ နာ​နေမှာ​ပေါ့ ge ဟာ​လေ တကယ်​ပဲ tao ​​လေး အိပ်​​ပျော်​သွားရင်​ ဖယ်​လိုက်​တာမဟုတ်​ဘူး တကယ်​ပဲ "

"ကဲ က​လေးရယ်​ ge ဘာမှ မဖြစ်​ဘူး ထ ge အရင်​ ​ရေချိုးလိုက်​မယ်​ ပြီးရင်​ မနက်​စာ ပြင်​ထားလိုက်​မယ်​ ​ရေချိုးပြီးဆင်းခဲ့ ​နော်​ "

အဲ့လို​လေး မြန်​မြန်​ထွက်​မှ နို့မို့ ဒီက​လေး ကိုယ့်​ကိုယ်​ကိုယ်​ အပြစ်​တင်​လို့ ပြီးမှာ မဟုတ်​​တော့ဘူး

Tao ​ရေချိုးပြီးဆင်းလာ​တော့ မီးဖိုခန်းထဲမှာ apron ​လေးဝတ်​ပြီး မနက်​စာ ပြင်​​နေတဲ့ ge တကယ်​ပဲ tao ​လေးရဲ့ ge က​လေ ဘယ်​အချိန်​ ကြည့်​ကြည့်​ အရမ်း စမတ်​ကျ​တာ tao ​လေးလို အရမ်းက​လေးဆန်​တဲ့ ​ရောဂါသည်​​လေးကို ဘယ်​လိုများ ချစ်​ခဲ့လဲ မသိပါဘူး ဘာပဲ​ပြော​ပြော tao ​လေးက​တော့ ge ကို ချစ်​တယ်​ အရမ်းချစ်​တယ်

အ​တွေးများစွာ​တွေး​နေရင်းက​နေ စိတ်​နဲ့ ကိုယ်​နဲ့ ကပ်​မိ​တော့ ကိုယ်​တိုင်​ကိုက ge ရဲ့ ​ကျောပြင်​ကို ဖတ်​တွယ်​​နေမိပြီ

"Ge ရဲ့ က​လေး​လေး ပြီးပြီလား စားကြမယ်​​လေ "

Ge ပြင်​​ပေးတဲ့ မနက်​စာ​လေးနဲ့ တစ်​​နေ့တာကို စတင်​ ခွန်​အားဖြစ်​​စေမှုဟာ ကျ​နော်​ ပိုင်​ဆိုင် ခဲ့​သမျှ အချိန်​​တွေမှာ တန်​ဖိုးအရှိဆုံးအချိန်​​တွေ ဆိုတာ သိကြလား

"Ge ​ကျောင်းသွားရဦးမှာ မှလား "

"အင်း​ပေါ့ က​လေးရဲ့ ​ည​နေ ​စော​စော ပြန်​လာခဲ့မယ်​ ​တောထဲဘက်​ကို မသွားနဲ့​နော်​ ge ပြန်​လာမှ သွားမယ်​ ဟုတ်​ပလား "

"inn 😊😊"

Tao ​လေးရဲ့ ge က uni ​ကျောင်းသား​လေ tao ​လေးက ငယ်​ငယ်​​လေး ထဲက ကျန်းမာ​ရေးမ​ကောင်း​တော့ သူများ​တွေလို ​ကျောင်း​နေ့တိုင်းမတတ်ရဘူး ​ge uni first year မှာ tao ​လေးကို guide သင်​တဲ့ စရာ နိုင်​ငံခြားသွား​တော့ ge က အစားဝင်​သင်​​ပေးရင်းနဲ့ tao ​လေးနဲ့ ဆုံတာ​လေ ​နောက်​​တော့ tao ​လေးနဲ့ ချစ်​သူ​တွေ ဖြစ်​ပြီး​နောက်​ပိုင်း ge ရဲ့ အိမ်​မှာပဲ လိုက်​​နေဖြစ်​​တော့တယ်​ ge ရဲ့အိမ်​​လေးက​လေ ချစ်​စရာ​လေး ခြံဝန်း​လေးရဲ့ အ​နောက်​ဘက်​ လမ်း​လေးအတိုင်းဆက်​သွားလိုက်​ရင်​ ​တောအုပ်​ငယ်​​လေး ရှိတယ်​ လမ်း​တောက်​​လျှောက်​လည်း tao ​လေး အရမ်းကြိုက်​တဲ့ ချယ်​ရီပန်းပင်​​တွေနဲ့

"Ge . ဒီ​နေ့ ge ပြန်​လာရင်​ tao ​လေးနဲ့ အပြင်​သွားရ​အောင်​​နော်​ tao ​လေး အိမ်​ထဲ မှာပဲ​နေ​နေရ​တော့ ပျင်းလာတယ်​ "

"Ok အဲ့ဒါဆို tao ​လေး ည​နေကို ​ရေမိုးချိုးပြီး​စောင့်​​နေ ge ပြန်​လာရင်​ tao ​လေးနဲ့ night out ထွက်​မယ်​ "

"​Yayyyyyyyအဲ့ဒါ​ကြောင့်​ ge ကိုချစ်​တာ "

ပြောပြီး ကျ​နော့ပါး​လေးကို လာနမ်း​တေနဲ့ က​လေး​လေးဟာ​လေ ဖြူစင်​လိုက်​တာ ခုလည်းကြည့်​​လေ မျက်​လုံး​ပေါက်​​လေး​တွေ မှိတ်​သွား​အောင်​ ရယ်​​နေ​လေရဲ့ တကယ့်​က​လေးပဲ

Tao ​လေး သူ့ ge နဲ့ အပြင်​သွားဖို့အတွက်​ကို ​နေ့ခင်းကတည်းက ပြင်​​ဆင်​​နေ​လေရဲ့

"Ummmm ဘာ​လေးဝတ်​ရင်​​ကောင်းမလဲ ge နဲ့ couple ​လေး​တွေ ချည်းပဲ ဝတ်​ရင်​​ကောင်းမယ်​ ခ်​ခ်

ဒီ အပြာ​လေးဝတ်​မယ်​ဒါဆို ge က ဒီအနီ​လေး "

ပြီးခဲ့ တဲ့ တစ်​​ခေါက်​ nightuot ထွက်​တုန်းက ge ဝယ်​​ပေးထားတဲ့ ရ်​ဘတ်မှာ အရုပ်​​လေးပါတဲ့ couple အင်္ကျီ​လေး ​ရွေးလိုက်​တယ်

"ပြီး​တော့ ​ဘောင်းဘီက အနက်​ ဆင်​တူ​လေး ummmm couple နားကပ်​ တစ်​ဖက်​စီရယ်​ လက်​စွပ်​ရယ်​ ဖိနပေ်လး ထုတ်​ပြီး​​တော့ အာာာ ​ရေချိုးရ​တော့မယ်​ "

တစ်​​ယောက်​တည်း ပွစိပွစိ​တွေ​ပြော ရယ်​လိုက်​ ပြုံးလိုက်​နဲ့ ​​ရေချိုးခန်း ဝင်​သွားတဲ့ ​ကောင်​​လေးရဲ့ မျက်​နှာကို ကြည့်​ရတာနဲ့ ဒီ​ကောင်​​လေး ဘယ်​​လောက်​​ပျော်​ရွှင်​​နေလဲ သိ​သာ​လေတယ်

Tao ​လေး ပြင်​ဆင်​လို့ ပြီးသည့်​တိုင်​ သူ့ ge မလာ​သေး

ည​နေ 4:00 ,

"Ge ကလည်း ​စော​စော ပြန်​လာမယ်​ဆိုပြီး "

ည​နေ 5:00 ,

"Ge ကလည်း ကြာလိုက်​တာ မလာ​သေးဘူးလားမသိဘူး "

ည​ 7:00 ,

"Ge ​မေ့​နေပြီလားမသိဘူး arrr ph ဆက်​ရမယ်​ "

"📱📱📱📱📱📱တီ တီ လူကြီးမင်း​ခေါ်ဆို​သော ဖုန်းမှာ စက်​ပိတ်​ထားပါသဖြင့်​ "

"ဟင့်​ ge ဘာလို့ စက်​ကို​ပိတ်​ထားတာလဲ မသိဘူး "

ည 9:00 ,

"Ge ရယ်​ လာပါ​တော့ tao ​လေး ​ကြောက်​တယ်​ ဟင့်​ 😭 ph လည်း ဆက်​လို့မရဘူး ဘာလို့လဲဟင်​ tao ​လေးဆီ မလာချင်​​တော့ဘူးလား tao ​လေးက ဂျီကျလို့ ​မချစ်​​တော့တာလား tao ​လေး က ​ရောဂါသည်​မို့လို့ စိတ်ပျက်သွားတာလား ဟင့် ပြန်လာပါတော့ ge ရယ် tao လေး ကြောက်နေပြီ "

"ge များ တစ်ခုခု ဖြစ်နေလား မသိဘူး ge က tao လေးကို မေ့မယ့်သူမှ မဟုတ်တာ ge ဘာများဖြစ်နေပါလိမ့် ge ဟင့် ဟင့် ge ကို သွားရှာမယ် ဟုတ်တယ် ge တို့ကျောင်းသွားတဲ့လမ်းအတိုင်းသွားရင်တော့ ge ကိုတွေ့မှာပဲ "

tao တစ်ယောက် ဒီလောက်အေးနေတဲ့ ရာသီဥတု ကြီးထဲမှာ ဘာကိုမှ ဂရုမစိုက်ပဲ ဖုန်းတစ်လုံးသာ ယူကာ ရူးရူးမိုက်မိုက် ထွက်လာခဲ့တယ်

"ဟူး ​အေးလိုက်​တာ tao ​လေး​တော့ မျှော်နေတော့မှာပဲ ဟူး ဒီနေ့မှ ကျောင်းမှာ project လုပ်ဖို့ ဆရာမတွေနဲ့ အစည်းအဝေး လုပ်နေရတာ ဟူး "

at home,
" ဟင် တံခါးကြီက ပွင့်နေတယ် ကလေးရေ ကလေး..... tao..... tao-er...... " အခန်းထဲမှာလည်း ငါဝတ်ဖို့ အဝတ်အစားတွေပဲ ခုတင်ပေါ်တင်ခဲ့ ပြီး ဘယ်ရောက်နေပါလိမ့် "

အိမ်တံခါးပွင့်နေတာဆိုတော့ wu yifan လည်း အပြင်ကို ထွက်ရှာခဲ့တော့တယ်

"tao-er ဘယ်ရောက်နေတာလဲကွာ ကိုယ်ရူးတော့မယ် ဘယ်မှလည်း မသွားတတ်မလာတတ်နဲ့ ကိုယ်စိတ်ပူနေပြီ tao-er ....... tao-er......."

ဟင် ဟိုဟာ

"zi tao !!!!! "
..................................................
at bus-stop ,

"ge ကျနော် မသွားတတ်တော့ဘူး ဘယ်လိုလုပ်ရမလဲ လူလည်း တစ်ယောက်မှ မရှိဘူး မှောင်မဲနေတာပဲ ge ge လာပါတော့ tao လေးဆီ မရရအောင်လာမှာဆို လာပါတော့ge ရယ် "

"ဟေ့ ကလေး တစ်ယောက်ထဲလားကွ "

ဟင် လူကြီးတွေ ဘယ်က လူကြီးတွေလဲ

"ဟိတ် မေးနေတယ်လေ အဖော်လိုလားလို့ "

"ဟင့်အင်း မလိုဘူး ge ကို စောင့်နေတာ "

"မင်း ge က လာမှာလားကွ ငါတို့နဲ့ လိုက်ခဲ့ပါကွာ မင်း ge က မင်းကို ထားသွားပြီကွ "

("မင်း ge က မင်းကို ထားသွားပြီကွ "
"မင်း ge က မင်းကို ထားသွားပြီကွ "
"မင်း ge က မင်းကို ထားသွားပြီကွ "  )

နားထဲမှာ ပဲ့တင်ထပ်လာတဲ့ ဒီစကား မဟုတ်လောက်ပါဘူးနော် မဟုတ်ပါဘူးလေ ge က tao လေးကို အရမ်းချစ်တာ ဘာလို့ထားခဲ့ရမှာလဲ မဟုတ်တာတွေ

ဟင် သူတို့ tao လေးကို အတင်းဆွဲနေကြတယ် ge ရေ ကယ်ပါဦး ge ဟင့်tao လေးကို ကယ်ပါဦး ge ရယ်

"zi tao !!!!!!!!! "

ဟင် ge တကယ်ပဲ ge လာတယ်

wu yifan လည်း tao ကို ဆွဲလားရမ်းလား လုပ်နေတဲ့သူတွေကို ထိုးကြိတ်ကာ tao လက်ကို အတင်းဆွဲ ခေါ်လာခဲ့တယ်

at home,

"ge "

"zi tao မင်းဘာတွေလုပ်နေတာလဲ ဟင် မင်း ငါ့ဆီက ထွက်ပြေးချင်နေတာလား မင်းကွာ "

yifan လက်လွှဲ ချလိုက်သောကြောင့် သူလက်ထဲက tao လေး ဆိုဖာပေါ် ပစ်ကျသွားသည်
tao အသက်ရှူလည်း ကျပ်နေပါပြီ

"sob - sob "

"ပြောလေ ! ခုမှဘာလို့ အသံတိတ်နေတာလဲ မင်းငါ့ဆီက လို့ ထွက်ပြေးချင်နေတာလဲ "

"မဟုတ်ဘူး ! tao T-T tao လေး ge ဆီက ထွက်ပြေးတာ မဟုတ်ဘူး "

"အဲ့ဒါဆိုမင်းက ဘာလို့လမ်းပေါ်ရောက်နေရတာလဲ "

"ge ကို ရှာနေတာ "

"ဘာ !! "

tao ကိုယ်လေး သိမ့်ခနဲ တုန်သွာသည်

"ge ကပြန်မလာသေးလို ge တစ်ခုခုဖြစ်နေမှာ စိုးရိမ်နေတာ ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်တဲ့ အဲ့ဒါကြောင့် ge တို့ကျောင်းဘက်ကို သွားတဲ့ လမ်းကို လိုက်ရှာရင်းနဲ့ လမ်းမမှတ်မိတော့ပဲ ဟင့် ဟင့် "

"ကလေးရယ် "

yifan တစ်ယောက် တသိမ့်သိမ့် ရှိုက်ငိုနေသော သူ့ ကလေးကိုယ်လေးကို ရင်ခွင်ကျယ်ကြီးထဲ ထည့်ကာ ကလေး ဆံပင်လေးတွေကို နမ်းရှိုက်ပေးနေမိသည်

"ကိုယ်တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ် ကလေးရယ် ကိုယ် project ကိစ္စနဲ့ အလုပ်တွေရှုပ်သွားလို့ပါ ph ကလည်း အားကုန်နေလို့ပါ ကလေးရယ် ကိုယ်တောင်းပန်ပါတယ် ကိုယ် "

"ge "

"ဟင် "

"သူတို့ကပြောတယ် ge က tao လေးကို ထားသွားပြီတဲ့ "

"မဟုတ်တာ ကလေးရယ် ကိုယ်က ကိုယ့်ကလေးကို ဘာလို့ ထားသွားရမှာလဲ ဘာကိစ္စရှိရှိ ကိုယ့်ကလေးကို ဘယ်တော့မှမထားသွားဘူးနော် သိလား"

"inn "

"မငိုနဲ့ တိတ်"

မျက်ရည်လေးတွေ သုတ်ပေးပြီး တဆတ်ဆတ် တုန်နေတဲ့ နှုတ်ခမ်းပါးပါးလေးကို အနွေးထွေး အနူးညံ့ဆုံးသော အနမ်းလေးများဖြင့် အနားပေးလိုက်တော့သည်

ထိုသိပ်ချစ်ကြသော ကောင်လေး နှစ်ယောက်ဟာလည်း ထိုအချိန်မှစ၍ ဘယ်တော့မှ မခွဲ ပဲ နေနိုင်ကြမယ်လို့ ယုံကြည်ချက် အပြည့် ဖြင့်သာ ဘဝကို နှစ်ယောက်အတူ ပျော်ရွှင်စွာ ဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ကြ ပေလိမ့်မည်

.................. at the present ...............

"ge နေကောင်းတယ်နော် ge သိလား tao လေးလေ အခု အရင်က အကြောင်းတွေ ပြန်တွေးနေတာ ge က tao လေး အပေါ် အရမ်း ဂရုစိုက် ယုယ ခဲ့တာနော် tao လေးက ဆိုးခဲ့ ဂျီကျခဲတယ်လို့လည်း ge တွေးမနေနဲ့နော် tao လေး ge ကိုချစ်တာ သိတယ်မှလား ge ရော tao လေးကိုချစ်သေးလားဟင် ချစ်ပါနော် မေ့မသွားပါနဲ့နော် "

"ကလေးရယ် ဘယ်လို မေ့နိုင်မှာလည်း ခုကလေးတစ်ယောက်တည်းကို ထားခဲ့ရတာတင် ကိုယ့်ရင်တွေ မီးမြိုက်သလိုပူနေတာ ကလေးရယ် ကိုယ်လေ ကလေးကို အရမ်းချစ်ပါတယ် ကလေး ကိုယ့်ကို ချစ်တာလည်း ကိုယ်ယုံပါတယ် မထားမဖြစ်မို့ ထားခဲ့ရပေမယ့် ကိုယ့်စိတ်ဝိဥာဉ်ဟာ ကလေးအနားမှာပဲ ရှိနေခဲ့တယ် ဆိုတာ ကလေး မသိဘူးလားကလေးရယ် "

"wae ? wae ? ဘာလို့အဲ့လို လုပ်ခဲ့ရတာလဲ ဘာလို့လဲ tao လေးဆီ တန်းတန်းမတ်မတ်လာနေတဲ့ ကားရှေ့သာ ge ရောက်မလာခဲ့ရင် ဒါမှမဟုတ် tao လေးကိုသာ တွန်းမထုတ်ပဲ နှစ်ယောက်အတူ အတိုက်ခံလိုက်ရင် ဒီလိုဝေးရမှာမဟုတ်ဘူးလေ ge သိလား tao လေး အခု ကျန်းမာရေးက အရမ်းဆိုးနေပြီတဲ့ tao လေး ge နဲ့ အတူနေချင်လှပြီ ge ကို ပေးခဲ့တဲ့ ကတိကြောင့်သာမဟုတ်ရင် ခုလို "

"tao-er ကလေးရယ် ge နောက်မလိုက်ချင်ပါနဲ့ ကလေးရဲ့ကျန်ရှိတဲ့ ဘဝလေးထဲမှာ ပျော်အောင်နေရမယ်လေ ကလေးရယ် ကိုယ်တောင်းခဲ့တဲ့ " ကိုယ့် အသက်နဲ့ ရင်းကယ်ခဲ့ရတဲ့ tao လေးရဲ့ အသက်ကို ကိုယ့်ကို တန်ဖိုးထားသလို တန်ဖိုးထားပါ " ဆိုတဲ့ ကတိလေးကို သက်ဆုံးထိတည်ပေးပါ ကလေးရယ် "

"ge ကျတော့ မတည်ခဲ့ဘူး ပြောတော့ tao လေးကို ဘယ်တော့မှပစ်မသွားဘူးဆို ဘယ်နေရာပဲ ဖြစ်ဖြစ်လိုက်ရှာမှာဆို ခုတော့ ခုတော့ tao လေးကို နှုတ်ဆက်ချိန်တောင်မပေးပဲ ထွက်သွားတယ် ပြန်လည်းမလာခဲ့ဘူး "

"tao-er ကလေးသိလား လောကမှာ ဖြစ်ချင်တိုင်း မဖြစ်တဲ့ အရာတွေ အများကြီးရှိနေတယ်လေ ကိုယ်တို့က လူချင်းမတွေ့ရပေမယ့် ကိုယ်တို့ရဲ့ နှလုံးသားထဲမှာ ရှိတဲ့ အချစ်တွေက အမြဲရှိနေမှာလေ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးစွာ ပွေ့ဖတ်ခွင့်မရပေမယ့် ကိုယ်တို့ရဲ့ အချစ်တွေက တစ်ယောက်နဲ့တစ်ယောက် နွေးထွေး စေမှာလေ ကိုယ်တို့ နှစ်ယောက်ရဲ့အချစ်တွေက ဘယ်လိုနေရာ ဘယ်လို အခြေအနေဘဲရောက်ရောက် ဘယ်တော့မှသေဆုံးပျက်ပျယ်သွားမယ့် အရာမဟုတ်ဘူးဆိုတာ ကိုယ်တို့နှစ်ယောက်လုံးသိနေကြတယ်လေ ကလေးရယ် "

အုတ်ဂူဖြူဖြူလေး ရှေ့မှာ ဒူးထောက်ရင်း ငိုကာစကားပြောနေတဲ့ ကောင်လေးနဲ့ အုတ်ဂူဘေးကနေ ထိုကောင်လေးကို ကြည့်ကာ နှစ်သိမ့်နေတဲ့ မျက်ရည်တွေနဲ့ ဝိဥာဉ်လေးတို့ရဲ့ စကားတွေဟာ တစ်ယောက်နားနဲ့ တစ်ယောက် မကြားနိုင်ပေမယ့်လို့ သူတို့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းနဲ့ တည်ဆောက်ထားတဲ့ နှလုံးသားလေးတွေကတော့ အပြန်အလှန်နားလည်ပေးကြမှာပါ

❄❄❄❄❄❄❄❄❄❄❄❄❄❄the end ❄❄❄❄❄❄❄❄❄❄

Bạn đang đọc truyện trên: truyentop.pro

Tags: